Mar 14 2009

အရှေ့လွမ်းချင်း

သည်နေ့ လေဆိပ်ကအပြန် Tampines ကို ဝင်ခဲ့သည်။ သုံးနှစ်ကျော်နေခဲ့သည့် Tampines က ဟောင်းနွမ်းမသွားသည့် အပြင် ပိုလို့ သစ်လွင်နေသည်။ နောက်ဆို ပိုလို့သက်ဝင်လာဦးမည်။

အနောက်အရပ်မှာ တစ်နှစ်ကျော် နေလာခဲ့သည့်တိုင် နေသားမကျနိုင်သေး။ အရှေ့သည် အရှေ့။ အနောက်သည် အနောက်။

No responses yet

Mar 13 2009

ထွေရာလေးပါး

ဒီနေ့ နားရက်မို့ အိမ်မှာနေရင်း မနှစ်က ခရီးသွားမှတ်တမ်း ဓါတ်ပုံတွေကို Blog ပေါ် တင်ဖြစ်တယ်။  မှတ်တမ်းကလေး ရေးထားဖို့ပါ။

၂၀၀၈ ခုနှစ်မှာ ခရီးအကွာအဝေးအားဖြင့် အသွားအပြန် ကီလိုမီတာ ၄၅၀၀၀ လောက်သွားဖြစ်ခဲ့လို့ ခရီးအသွားဖြစ်ဆုံးနှစ်ပဲ။

မရောက်ဖူးသေးတဲ့နေရာ အရောက်ဖူးချင်ဆုံးတိုင်းပြည်တွေကို အိမ်သူနဲ့အတူ သွားခဲ့ရတာမို့ ပျော်စရာသိပ်ကောင်းတယ်။

သွားခဲ့တဲ့ နေရာတွေက အရမ်းကိုလှတာလည်း ပါတယ်။

ကျောပိုးအိတ် ကိုယ်စီလွယ်ပြီး ပထမဆုံး Backpacker လုပ်သွားတဲ့ ခရီးလည်း ပါတာမို့ ရင်ခုန်စရာ အတွေ့အကြုံတွေ အပြည့်နဲ့ပေါ့။

No responses yet